အသုံးပြုပီးသားဆေးထိုးအပ် ဆေးထိုးပြွန်အဟောင်းများ ရှင်းလင်း

22

Jul
2019

 
  

လွန်ခဲ့သော 24.5.2019 နေ့က ကချင်ပြည်နယ် ဗန်းမော်မြို့ မဟာသိမ်တော်ကြီး ဘုရားဝင်းအတွင်း၌ အသုံးပြုပီးသားဆေးထိုးအပ် ဆေးထိုးပြွန်အဟောင်းများကို စည်းကမ်းမဲ့စွန့်ပစ်ထားကြောင်း AHRN ဗန်းမော်ရုံးသို့ အကြောင်းကြားလာသဖြင့် AHRN ဗန်းမော်ရုံးခွဲမှ ကွင်းဆင်းဝန်ထမ်းများမှ ချက်ချင်းသွားရောက်၍ အပ်များအား စနစ်တကျ ရှင်းလင်းသိမ်းဆည်းခဲ့ပါသည်။ နောက်နောင်များတွင်လည်း ဤကဲ့သို့ အလားတူအပ်များအား စွန့်ပစ်ထားသည်ကိုတွေ့ရှိပါက အကြောင်းကြားပေးပါရန် လေးစားစွာဖြင့်အသိပေးအပ်ပါသည်။