ဗန်းမော်မြို့ သိမ်တော်ကြီးဘုရားပွဲတွင် AHRN ဗန်းမော်ရုံးမှ ကျန်းမာရေးပြခန်းဖွင်၍ အိတ်ခ်ျအိုင်ဗွီ ပညာပေး လုပ်ငန်များ ဆောင်ရွက်ခဲ့….

15

Nov
2018

ဗန်းမော်မြို့ သိမ်တော်ကြီးဘုရားပွဲတွင် AHRN ဗန်းမော်ရုံးမှ ကျန်းမာရေးပြခန်းဖွင်၍ အိတ်ခ်ျအိုင်ဗွီ ပညာပေး လုပ်ငန်များ ဆောင်ရွက်ခဲ့….

ကချင်ပြည်နယ် ဗန်းမော်မြို့၏ သိမ်တော်ကြီးဘုရားပွဲကို အောက်တို ဘာ (၂၇) ရက်နေ့ မှ နိုဝင်ဘာ ၅ရက်နေ့ထိ ဗန်းမော်မြို့ ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြု လုပ်ခဲ့ရာ ဘုရားပွဲတွင် NGO အဖွဲ့ စည်းအသီးသီးမှ ကျန်းမာရေးပြ ခန်းများနှင့် အတူ AHRN-Bamaw မှလည်း ကျန်းမာရေးပြခန်းဖွင့် လှစ်ရ၍ အိတ်ခ်ျအိုင်ဗွီ ပညာပေးလုပ်ငန်းများကို တက်ကြွစွာ ပါဝင်ဆောင် ရွက်ခဲ့ကြသည်။

ပြခန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်မှာ အိတ်ခ်ျအိုင်ဗွီပိုးစစ်ဆေးမှုနှုန်း မြင့်မားလာစေရန်၊ ဘုရားပွဲလာပြည်သူများမှ မိမိ၏ အိတ်ခ်ျအိုင်ဗွီပိုးရှိ/မရှိ အခြေအနေကို ပိုမိုသိရှိလာစေရန် နှင့် ပွဲလာပြည်သူများမှ အိတ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ် နှင့် ပတ်သက် သော ကျန်းမာရေး ဗဟုသုတများ ပိုမိုရရှိလာစေရန်ရည်ရွယ်ရ်ျ ဖွင့်လှစ်ခြင်းဖြစ်ပါသည်။

AHRN ဗန်းမော်ရုံးမှ ၀န်ထမ်းများမှ ကျန်းမာရေးအသိပညာပေးဆိုင်း ဘုတ်များပြသခြင်း၊ လမ်းကမ်းစာစောင် များဖြန့်ဝေပေးခြင်းနှင့် အိတ်ခ်ျအိုင်ဗွီ သွေးစစ်ပေးခြင်းတို့ကို ပြုလုပ်ပေးခဲ့သည်။