post

ဆောင်းဝင်လာပြီဆိုတော့ ညတာရှည်ပြီးနေ့တာတိုလာပြီ။ အခုဆို ကုမ္ပဏီထဲကို မှောင်မှပဲရောက်တဲ့ နေ့များ တယ်။ ကျွန်တော်က ကုမ္ပဏီညစောင့်လေ။အဖော်တစ်ယောက်ပါသေးတယ်။ ဒီနေ့လည်း ထုံးစံအတိုင်း အလုပ်ကို မှောင်မှရောက်လာတယ်။ ရောက်တာနဲ့ အိပ်ယာခင်း ထမင်းထုပ်လေး ဖြည်စားပြီး ၀ယ်လာတဲ့ ”ဖိုး”တစ်ချောင်းတင်လိုက်တယ်။ ဇိုးလေးကို လှမ်းကြည့်တော့ အပ်တန်းလန်းနဲ့ငိုက်နေပီ။ ကျွန်တော်လည်း “ဖိုးဖီးလ်”လေးနဲ့ အိပ်ရာပေါ်မှိန်းနေရင်း နဂါးနီကို သတိရလိုက် ၊ဖွာလိုက် ၊မီးငြှိလိုက် ၊ဖွာလိုက်၊ ပြုတ်ကျလိုက် ပြန်ကောက်လိုက်နဲ့ အိပ်ပျော်သလိုပဲ ရှိနေတယ်။ “ဗိုလ်သိန်း၊ ဗိုလ်သိန်း”လို့ ခေါ်သံကြားလို့ ကြည့်လိုက်တော့ ယောကြီးဖြစ်နေတယ်။ “လာ… ငါနဲ့ လိုက်ခဲ့” လို့ ပြောပြီး ကုမ္ပဏီအပြင်ဖက်ထွက်လာခဲ့တယ်။ အပြင်လည်းရောက်ေ ရာ နှစ်ယောက်စလုံး မိုးပေါ်ထောင်တက်သွားတယ်။ “ဟာ …ဟျောင့်… ငါကြောက်တယ်” ပြောတော့ … “ငါ့လက်ကိုကိုင်ထားပါ ဘာမှမဖြစ်ပါဘူး” လို့ ယောကြီးက ပြောတယ်။ ဒီလိုနဲ့ ဟိုးအမြင့်ကြီးဆီရောက်တော့ ၀မ်းလျားမှောက်ကျပြီး လေဟုန်လိုက်စီးနေ ကြတယ်။ ကြောက်စိတ်က တဖြည်းဖြည်းပျောက်သွားပြီး လေဟုန်စီးရင်း ငှက်တွေလို ဟိုဒီဝဲကြရင်း အောက်ကမီးရောင်တွေကိုလည်း မြင်နေရတယ်။ ရင်ထဲကလည်းတလှပ်လှပ်နဲ့ ချားစီးတဲ့အခါ အပေါ် ကနေအောက် ကိုလည်ကျတဲ့အခါ ဖြစ်ပေါ်တဲ့ခံစားမှုမျိုး။ ခဏနေတော့ အောက်က လွှတ်တင်လိုက်တဲ အမြှောက်ကို ရှောင်လိုက်တာ ဒဲ့လာတဲ့ ဂျက်လေယာဉ်နဲ့ တိုက်မိပြီး နှစ်ယောက်လုံး အောက်ကို ခြေကားရားလက်ကားရားနဲ့ ပြုတ်ကျပါလေရော။ တော်သေးတယ် အောက်က ““ဖိုး”း”ရောင်းတဲ့ မိုးကာတဲပေါ်ပြုတ်ကျလို့ ။ ဒါပေမဲ့ အောက်ရောက်တော့ ကျွန်တော်လက်ကို ယောကြီးခန္ဓာကိုယ်က ဖိထားတယ်။ လက်ကိုဆွဲထုတ်လို့မရတာနဲ့ ကျန်တစ်ဖက်နဲ့ သူ့ကို တွန်းထုတ်တော့မှ “ဟင်” ခနဲဖြစ်ပီး သူသေနေမှန်းသိတယ်။ အဲ့တော့မှ ကြောက်လန့်ပြီး ဗလုံးဗထွေးနဲ့ အော်မိပါလေရော။ “အစ်ကိုကြီး …အစ်ကိုကြီး ” တစ်စုံတစ်ယောက်က ခေါ်လည်းခေါ် လှုပ်လည်းလှုပ်မှ သတိရတော့ သြော် အိပ်မက်မက်ပြီး လက်က ခေါင်းအောက်ဖိနေတာကိုး။ ဒါပေမဲ့ အိပ်မက်ထဲဝင်လာတဲ့ ယောကြီးအကြောင်း တစ်ညလုံးဆက် တွေးနေမိပါတော့တယ်။

ယောကြီး နဲ့ ကျွန်တော်က အရင်တုန်းက အောက်နယ်ဖက်မှာ အတူတူနေကြတော့ ညီအစ်ကိုလိုပဲ… စိတ်တူကိုယ်တူ … ဒါပေမဲ့ စရိုက်တော့ မတူဘူး။ ကျွန်တော်က ““ဖိုး” မှ ““ဖိုး”၊ ယောကြီးကတော့ “မြာ” မှ “မြာ” အကြိုက်ချင်းမတူကြဘူး။ အဲ့ဒီတုန်းက ကျွန်တော်တို့ နှစ်ယောက် “ဖိုး” ရောင်းကြတာ ။ သိတဲ့ အတိုင်း “ဖိုး”း ရောင်းတော့ ငွေလေးကလည်း အမြဲလိုရွှင်နေတာပေါ့။ သူနဲ့ ကျွန်တော်ကြားမှာ ငွေကြေးအကန့်သတ်ဆိုတာ မရှိဘူး။ ကျွန်တော်လည်းရှူချင် သလောက်ရှူ၊ သူလည်း ပွေးချင်သလောက်ပွေးလာကြတာ။ ယောကြီးက ကျန်းမာရေးကလည်းကောင်းတယ်။ ဟိုကိစ္စမှာလည်း အရမ်းသန်တယ်။ ဆိုင်းတောင်အခန်းတွေ သူမရောက်ဖူးတာ မရှိဘူး။ တဲမှာ “ဖိုး”လာရှုတဲ့ စကီ တွေလည်း တစ်ယောက်မှ အလွတ်မပေးဘူး။ တစ်ရက်တော့ ကျွန်တော်မေးကြည့်တယ်…. “ ယောကြီး …. မင်း ဟိုကိစ္စလုပ်တာ ကွန်ဒုံး သုံးရဲ့လားဆိုတော့ ကိုယ်တော်က “အိုး… နိုး… နိုး… အဲ့ဒါကြီးက ဖီလင်အောက်တယ်” ….။ ဒါဆိုမင်း “H”…. “ ဟိုး….ဟိုး…..” သူက ကျွန်တော့ကို စကားဆုံး အောင်တောင်ပေးမပြောဘူး။ “ဘာလဲဗိုလ်သိန်း… ငါ HIV ပိုးကူးမှာ မကြောက်ဘူးလားလို့ မေးမလို့ မဟုတ်လား…. သိပြီးသားပါ” ဆိုပြီး သူ့လက်မောင်းကြွက်သားကို ဟန်ပါပါနှင့် ညစ်ပြတယ်။ ကျွန်တော်လည်း ကျွဲပါးစောင်းတီး မလုပ်ချင်တော့တာနဲ့  ကိုယ့်ဟာကိုယ်ပဲ “ ပေါ့” ဆက်ဆွဲနေလိုက်တယ်။

ဒီလိုနဲ့ ပဲ အချိန်တွေ ကုန်မှန်းမသိကုန်သွားတယ်။ တစ်ရက်တော့ ယောကြီးအရမ်းအဖျားတက်ခဲ့ပါတယ်။ နောက်ပြီး သူမှာ ရေယုံတွေလည်း ပေါက်လာတယ်။ အဖျားကတက် ရေယုံကနာဆိုတော့ တောက်လျှောက်အော်ပြီးငြီးနေတာပေါ့။ တစ်ရက်လည်း အဖျားမကျ၊ နှစ်ရက်လည်း အဖျားမကျဆိုတော့ ကျွန်တော်မသင်္ကာတော့ဘူး။ ဒါနဲ့ သူတစ်ရွာတည်းသား ဇော်ဝမ်းကို ဆိုင်းတောင် နားခိုရာ ရုံးကို လိုက်ပို့ခိုင်းလိုက်တယ်။ ညနေပြန်လာတော့ ယောကြီးမျက်လုံးတွေ မို့နေတယ်။ ငိုထားတဲ့ပုံပဲ။ ညကျမှ ကျွန်တော်ကိုပြောပြတယ်။ “ ဗိုလ်သိန်း…. ငါ AIDS ဖြစ်နေပီတဲ့ ….. သွေးလာစစ်တာ အရမ်းနောက်ကျတယ်တဲ့ …… HIV ပိုးက အဆမတန်များနေပီတဲ့ …. ငါမနေရတော့ဘူး ဗိုလ်သိန်းရေ” ဆက်တိုက်ပြောရင်း ငိုတော့တာ။ “ ဟာ ယောကြီးကလည်း ဒီရောဂါဖြစ်တိုင်း ချက်ချင်းမသေပါဘူး…. နားခိုရာ ရုံးကပေးတဲ့ ဆေးလေးမှန်မှန်သောက် ကိုယ့်ကျန်းမာရေးလဲ ကိုယ်ဂရုစိုက်နေရင် နှစ်အကန့်အသတ်မရှိနေနိုင်ပါတယ်ကွာ” လို့ကျွန်တော်လည်း အားပေးစကား ပြောပေးပါတယ်။

တစ်လလောက်ကြာတော့ ယောကြီးအခြေနေတအားဆိုးလာတယ်။ လူရုပ်တောင်မပေါ်တော့ဘူး။ ဆေးခန်းလည်း မှန်မှန်မသွား အစာလည်း မှန်မှန်မစားဆိုတော့ လှေကားထစ်တောင် ခြေမကြွနိုင်အောင်ဖြစ်လာတယ်။ ရွာမှာပဲ သေချင်တယ် လို့ သူပြောခဲ့ သလိုပါပဲ သူ့သူငယ်ချင်းက ရွာလိုက်ပို့တာ ရွာရောက်ပြီး နောက်တစ်ရက်မှာပဲ ယောကြီး ဆုံးပြီးဆိုတဲ့ သတင်းကြားလိုက် ရတယ်။ အကယ်ရ်ျသာ ယောကြီးသာ ကွန်ဒုံးကို စနစ်တကျ သုံးခဲ့မယ်….. သွေးကို စောစောစီးစီး စစ်ခဲ့မယ်ဆိုရင်ဖြင့်…….

တွေးလက်စအတွေးကိုဖြတ်ရင်း ……“ အော်…… ယောကြီးရေ ဒီဇင်ဘာ ၁ ရက် ဆိုရင် မင်းတို့ရဲ့နေ့ရောက်ပြီ။….. သူငယ်ချင်းယောကြီး ကောင်းရာ သုဂတိလားပါစေဟုသာ ဆုတောင်းရင်းး။ ။

AHRN သတင်းစာစောင် အမှတ်(၈)မှ တဆင့်ကူးယူဖော်ပြသည်။