post

ဗန်းမော်မြို့ သိမ်တော်ကြီးဘုရားပွဲတွင် AHRN ဗန်းမော်ရုံးမှ ကျန်းမာရေးပြခန်းဖွင်၍ အိတ်ခ်ျအိုင်ဗွီ ပညာပေး လုပ်ငန်များ ဆောင်ရွက်ခဲ့….

ကချင်ပြည်နယ် ဗန်းမော်မြို့၏ သိမ်တော်ကြီးဘုရားပွဲကို အောက်တို ဘာ (၂၇) ရက်နေ့ မှ နိုဝင်ဘာ ၅ရက်နေ့ထိ ဗန်းမော်မြို့ ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြု လုပ်ခဲ့ရာ ဘုရားပွဲတွင် NGO အဖွဲ့ စည်းအသီးသီးမှ ကျန်းမာရေးပြ ခန်းများနှင့် အတူ AHRN-Bamaw မှလည်း ကျန်းမာရေးပြခန်းဖွင့် လှစ်ရ၍ အိတ်ခ်ျအိုင်ဗွီ ပညာပေးလုပ်ငန်းများကို တက်ကြွစွာ ပါဝင်ဆောင် ရွက်ခဲ့ကြသည်။

ပြခန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်မှာ အိတ်ခ်ျအိုင်ဗွီပိုးစစ်ဆေးမှုနှုန်း မြင့်မားလာစေရန်၊ ဘုရားပွဲလာပြည်သူများမှ မိမိ၏ အိတ်ခ်ျအိုင်ဗွီပိုးရှိ/မရှိ အခြေအနေကို ပိုမိုသိရှိလာစေရန် နှင့် ပွဲလာပြည်သူများမှ အိတ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ် နှင့် ပတ်သက် သော ကျန်းမာရေး ဗဟုသုတများ ပိုမိုရရှိလာစေရန်ရည်ရွယ်ရ်ျ ဖွင့်လှစ်ခြင်းဖြစ်ပါသည်။

AHRN ဗန်းမော်ရုံးမှ ၀န်ထမ်းများမှ ကျန်းမာရေးအသိပညာပေးဆိုင်း ဘုတ်များပြသခြင်း၊ လမ်းကမ်းစာစောင် များဖြန့်ဝေပေးခြင်းနှင့် အိတ်ခ်ျအိုင်ဗွီ သွေးစစ်ပေးခြင်းတို့ကို ပြုလုပ်ပေးခဲ့သည်။